“မသန်စွမ်းသက်ကြီးသင်တန်းကျောင်းမှ သင်တန်းသား/သူ များခေါ်ယူ”

22 Aug

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်း သက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း အမှတ်စဉ်(၂)အဖြစ် (၃)လသင်တန်းများ ဖြစ်တဲ့ ဆံသသင်တန်း၊ စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် တံဆိပ်ရိုက်သင်တန်းများကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှ ဒီဇင်ဘာလ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မသန်စွမ်း သက်ကြီးသင်တန်းကျောင်းသို့ တက်ရောက်သူများအနေဖြင့် ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အသက်(၁၈)နှစ် မှ (၄၅)နှစ်အတွင်းရှိသူ၊ နေ့စဉ်တစ်ကိုယ်ရေလုပ်ငန်းဆောင်တာများအား ဆောင်ရွက်နိုင်သူ၊ ကျား/မ၊ လူမျိုးဘာသာမရွေး လျှောက်ထားနိုင်ပြီး သင်တန်းကာလပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမှာဖြစ်ပါတယ်။ သင်တန်းအပ်နှံရာတွင် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ပညာအရည်အချင်းထောက်ခံစာမိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးမှ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက် မူရင်း၊ ကျန်းမာရေးနှင့်ပတ်သက်သော ဆေးမှတ်တမ်းများနှင့် သောက်သုံးနေရသည့် ဆေးဝါးများကို ယူဆောင်လာရန် လိုအပ်ကြောင်း သိရပါတယ်။ လျှောက်ထားလိုသူများအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ အမှတ်(၆၅) ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းဝင်းအတွင်းရှိ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ လူကိုယ်တိုင်တိုက်ရိုက် လျှောက်ထားနိုင်ပါ တယ်။ သင်တန်းတက်ရောက်ခွင့်ရသူများသည် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း စားသောက်နေထိုင်ရေး၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သော သင်တန်းသား၊ သင်တန်းသူများအတွက် ရန်ကုန်မြို့သို့ သွားလာသော အသွားအပြန်ခရီးစရိတ်များကို နိုင်ငံတော်မှ စီစဉ်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ဖုန်း - ၀၆၇၄၀၄၂၅၂ ၀၆၇-၄၀၄၆၇၆ နှင့် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်) ဖုန်းနံပါတ်- ၀၁-၉၆၆၁၇၁၂၊ ၀၉-၄၄၈၀၃၅၀၈ဝ၊ ၀၉-၉၇၂၆၆၁၈၄၀ သို့ထံ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

22 Aug

ADVERTISE HERE .