“မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပမည်”

22 Aug

သက္ကရာဇ် ၁၂၄၄ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်တွင် သီပေါဘုရင် တည်ထားကိုးကွယ်ခဲ့တဲ့ အရှေ့ပြင်နယ်လုံး ဆိုင်ရာ မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၇)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးကို ယခုနှစ်တွင်လည်း သြဂုတ်လ ၂၃ ရက်မှ ၂၉ ရက် (တော်သလင်းလဆန်း ၁ ရက်မှ တော်သလင်းလဆန်း ၇ ရက်)အထိ ခုနစ်ရက်တိုင်တိုင် အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးတွင် သံဃာတော် ၅၅ ပါးတို့က မဟာပဋ္ဌာန်းကျမ်းမြတ်ကို နေ့၊ ည အသံမစဲ ရွတ်ဖတ်ပူဇော်ကြမှာဖြစ်လို့ မန္တလေးမြို့နှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်၊ ကုသိုလ်ရှင်များမှ ကြည်ညိုသဒ္ဓါပွားများ နိုင်မှာဖြစ်ပါတယ်။ ပူဇော်ပွဲကြီးအတွက် အလှူငွေများလှူဒါန်းလိုပါက လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ဝ၉-၇၈၈၃၅ဝ၇၅ဝ၊ ဝ၉-၉၇ဝ၃၉၅၆၉၆၊ ၀၉-၇၉ ၇၂၃၅၂၅ဝ တို့သို့ဖြစ်စေ ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

22 Aug

ADVERTISE HERE .