“လူစီအန်အဂူမီအတွက် ယူရိုသန်း ၃၀ အလိုရှိနေတဲ့ ဆီဗီလာအသင်း”
22 Aug
ဆီဗီလာအသင်းက ကွင်းလယ်ကစားသမား လူစီအန် အဂူမီ အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ အလိုရှိနေကြောင်း သိရပါတယ်။ မန်ယူအသင်းက ကွင်းလယ်ကို အားဖြည့်ဖို့ စီစဉ်နေတာကြောင့် ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပြင်သစ်ကစားသမား အဂူမီ ကို ခေါ်ယူဖို့စီစဉ်နေတာဖြစ်ကြောင်း သိရပါတယ်။ ဆီဗီလာအသင်းက အဂူမီ ကို ၂၀၂၄ နွေရာသီမှာ အင်တာမီလန်ကနေ ယူရို ၈ သန်းနဲ့ ခေါ်ယူထားတာဖြစ်ပြီး ယူရိုသန်း ၄၀ တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပါတယ်။ မန်ယူအသင်းအနေနဲ့ အဂူမီ ကို အခုနွေရာသီမှာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ယူရိုသန်း ၃၀ နဲ့ ရောင်းထုတ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ (NVS 008)
22 Aug