“အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်း”

22 Aug

ဩဂုတ်လ ၂၀ ရက်က အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဥ်ကို ရှမ်းယူနိုက်တက် နှင့် ကမ္ဘောဒီးယား PKR Svay Rieng FCအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ရှမ်းယူနိုက်တက်အသင်းက ကမ္ဘောဒီးယားကလပ်အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ PKR Svay Rieng FCအသင်းက ပထမပိုင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးသွင်းယူခဲ့ပြီးအသင်းကို ဒုတိယပိုင်းပွဲချိန်မှာ နောက်ထပ် ၁ ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။ ASEAN Club Championship - Shopee Cup 2025 ပြိုင်ပွဲ ပထမနှင့် ဒုတိယအကျော့ ခြေစစ်ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်းဟာ လာအိုကလပ် EZRA FC အသင်းကို နှစ်ကျော့လုံး အနိုင်ယူကာ အုပ်စုအဆင့်ကို တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ အုပ်စုအဆင့်တွင် နောက်ထပ်အသင်း ၄ သင်းဖြင့် ထပ်မံယှဉ်ပြိုင်ကစားသွားရဦးမှာ ဖြစ်ပါတယ်။ (NVS 008)

22 Aug

ADVERTISE HERE .