“လီယွန်ဘေလီ ကို အငှားနဲ့ခေါ်ယူခဲ့တဲ့ ရိုးမားအသင်း”
22 Aug
ရိုးမားအသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့တောင်ပံကစားသမား လီယွန်ဘေလီ ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီချက်ပါဝင်တယ်လို့ သိရပါတယ်။ ရိုးမားအသင်းဟာ တစ်ရာသီ အငှား ခေါ်ယူမှုအတွက် အက်စတွန်ဗီလာအသင်းကို ငှားရမ်းခ ယူရို ၂ သန်းပေးချေရမှာဖြစ်ပြီး ရာသီကုန်ချိန်မှာ ယူရို ၂၂ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါဝင်ခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဘေလီ ကို ၂၀၂၁ နွေရာသီမှာ လေဗာကူဆင်အသင်း ကနေ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၅၂ ပွဲကစားကာ ၁၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ထိပ်သီးအသင်းတွေက ဘေလီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။ (NVS 008)
22 Aug