“လူးဝစ်ဇ် ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ နော်တင်ဟမ်အသင်း”
22 Aug
နော်တင်ဟမ်အသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ကွင်းလယ်ကစားသမား ဒေါက်ဂလပ်စ်လူးဝစ်ဇ် ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့ပြီး အပြီးသတ်ခေါ်ယူခွင့် ပါရှိတယ်လို့ သိရပါတယ်။ လူးဝစ်ဇ် ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီက အက်စတွန် ဗီလာကနေ ဂျူဗင်တပ်စ်ထံ ပြောင်းရွှေ့ကြေး ပေါင် ၄၂ ဒသမ ၅ သန်း၊ ငါးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ နော်တင်ဟမ်အသင်းဟာ ယူရိုပါလိဂ်အတွက် ပြင်ဆင်နေတာကြောင့် အခုရာသီကစားသမားသစ် ခုနစ် ဦး ခေါ်ယူမှု အတွက် ပေါင်သန်း ၁၄၀ အထိအသုံးပြုထားပါတယ်။(NVS 008)
22 Aug