“Patong Fight Night မွေထိုင်းပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းဖိုက်တာကို အနိုင်ရရှိပြီး ချန်ပီယံဖြစ်ခဲ့တဲ့ နော်ဥမ္မာစိုး”

22 Aug

သြဂုတ်လ ၂၁ ရက်ကကျင်းပခဲ့တဲ့ မွေထိုင်းပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုး က အိမ်ရှင်ထိုင်း အမျိုးသမီးဖိုက်တာကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံခါးပတ်ကို ရရှိခဲ့ပါတယ်။ Patong Fight Night လို့ အမည်ရတဲ့ နိုင်ငံတကာမွေထိုင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ Patong Boxing Stadium မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ နော်ဥမ္မာစိုး ဟာ အမျိုးသမီးမွေထိုင်းပေါင် ၁၂၀ တန်းမှာ အိမ်ရှင်ထိုင်း အမျိုးသမီး ဖိုက်တာ နွန်ဂန် နဲ့ ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး နော်ဥမ္မာစိုး က သက်လုံကောင်းကောင်းနဲ့ ထိုးသတ်နိုင်ခဲ့သလို ထိချက် ကောင်းများစွာရရှိအောင် ထိုးသတ်နိုင်ခဲ့တာကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လအတွင်းက နော်ဥမ္မာစိုး ဟာ ထိုင်းအမျိုးသမီးဖိုက်တာနဲ့ ကစ်ဘောင်ဆင်တစ်ပွဲ ထိုးသတ်ထားရာမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါသေးတယ်။ (NVS 008)

22 Aug

ADVERTISE HERE .