“အစ္စရေးအာဏာပိုင်များက အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်မှုအတွက် ဆက်လက်ဆောင်ရွက်”

22 Aug

အစ္စရေးအာဏာပိုင်များက အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်မှုအတွက် ဆက်လက်ဆောင်ရွက်လျက် ရှိသည်။ အနောက်ဘက်ကမ်းတွင် အိမ်အလုံးရေ ၃,၄၀၀ ခန့် ဆောက်လုပ်မည့် စီမံကိန်းနှင့်ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာနက ယမန်နေ့တွင် ခွင့်ပြုခဲ့သည်။ စီမံကိန်းကော်မတီနဲ့ စီမံကိန်းသည် အနောက်ဘက်ကမ်းကို မြောက်နှင့် တောင် အပိုင်းနှစ်ပိုင်းခွဲရာရောက်ကြောင်း ဒေသတွင်းမီဒီယာများက ဆိုသည်။ အနောက်ဘက်ကမ်းရှိ အစ္စရေး၏ အခြေချနေထိုင်ရေးလှုပ်ရှားမှုများသည် အစ္စရေးနှင့် အနာဂတ်ပါလက်စတိုင်းနိုင်ငံ တို့ အတူတကွတည်ရှိမည့် နှစ်နိုင်ငံဖြေရှင်းချက်အတွက် အတားအဆီးအဖြစ် ရှုမြင်သုံးသပ်ကြသည်။ အဆိုပါ လှုပ်ရှားမှုသည် အနာဂတ်တွင် ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကို အဟန့်အတားဖြစ်စေသည့် အတွက် နိုင်ငံတကာအသိုက်အဝန်းက တားမြစ်လျက်ရှိသည်။ ဗြိတိန်နှင့်ပြင်သစ်တို့အပါအဝင် နိုင်ငံများသည် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ၎င်းတို့၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလာချိန်တွင် အစ္စရေးက ယခုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

22 Aug

ADVERTISE HERE .