“မည်သူ့ကိုမျှဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်တိတိကျကျ ဆောင်ရွက်ကြရမည်ဟု UEC ဥက္ကဋ္ဌ ပြောကြား”

22 Aug

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများအနေနဲ့ ရွေးကောက်ပွဲကျင်းပရာတွင် မည်သူ့ကိုမျှဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် တိတိကျကျဆောင်ရွက်ကြမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး က ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၂၁ ရက်၊ ညနေ ၄ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံမှာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများအနေဖြင့် ကျန်ရှိသည့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ဆင့်ပွား သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အလားတူ သင်တန်းကရရှိခဲ့တဲ့ MMP စနစ် အကြောင်းကိုလည်း နိုင်ငံရေးပါတီများ၊ အများပြည်သူများသိရှိစေရန် ဖြန့်ဝေပြောကြားရန်လိုကြောင်းနှင့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးသည် ဦးစားပေးဖြစ်သလို အရေးကြီးကြောင်း၊ မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းစိစစ်၍ အမှားအယွင်း မရှိအောင်၊ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ကြရန် အလေးထားမှာကြားခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို နိုင်ငံရေးပါတီများသိရှိအောင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှ ရှင်းလင်းပြောကြားရန်လိုကြောင်း၊ ရွေးကောက်ပွဲများကို အပိုင်းလိုက်ဆောင်ရွက်ရာမှာ စနစ်တကျဆောင်ရွက်နိုင်ရေး စီမံချက်များအတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုနဲ့ အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သန္နိဋ္ဌာန်ထားပြီး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

22 Aug

ADVERTISE HERE .