“ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနိုင်မည့် လုပ်ငန်းစဉ်များကို UEC ထုတ်ပြန်”

22 Aug

ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ၊ စုဝေးဟောပြောခြင်း နှင့် မဲဆွယ်စည်းရုံးဟောပြောမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး တာဝန်ယူထားသူများက အပိုင်းလိုက်ကျင်းပ မည့် ယခုရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်ခံရမည့်သူများအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၂၀)နှင့် (၁၂၁) တို့ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ၊ နယ်မြေစည်းရုံးရေးလုပ်ငန်း များကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ထိုနည်းတူ ပြည်ထောင်စုတရားသူကြီးချုပ်သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၊ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တို့ က သက်ဆိုင်ရာတည်ဆဲဥပဒေများအရ အပိုင်းလိုက်ကျင်းပမည့် ယခုရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်ခံရမည့်သူဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၂၀)နှင့်(၁၂၁)တို့ပါ ပြဌာန်းချက်များနှင့်ကိုက်ညီပါကရွေးကောက်ပွဲဆိုင်ရာပါတီစည်းရုံးရေး လုပ်ငန်းစဉ်များ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိတယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးနောက်ပိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ၊ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။ (NVS 004)

22 Aug

ADVERTISE HERE .