“ကရင်ပြည်နယ်တွင် ခရီးစဉ်ဒေသသစ်များဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်”

22 Aug

ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု ပိုမိုများပြားလာသည်နှင့်အညီ ဒေသတွင်းခရီးစဉ်ဒေသ များနှင့် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ကရင်ပြည်နယ်ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၈/၂၀၂၅)အစည်းအဝေးကို ဩဂုတ်လ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။ ကော်မတီအစည်းအဝေးမှာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ခရီးစဉ်ဒေသသစ်များဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားနိုင်ရန် မှာကြားပြီး ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသတိုင်းလုံလောက်တဲ့ အကျယ်အဝန်းရှိသော ယာဉ်နားရန်နေရာ(ကားပါကင်)များ စနစ်တကျရှိစေရေးကို ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဘားအံခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်၊ ဣစ္ဆာသယဂူ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက ခရီးစဉ်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)

22 Aug

ADVERTISE HERE .