"EFR က သာမန်အစုရှယ်ယာတစ်စုကို အမြတ်ဝေစုကျပ် ၇၀ ခွဲဝေပေးမည်"

22 Aug

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ EFR က သာမန်အစုရှယ်ယာတစ်စုကို အမြတ်ဝေစု ကျပ် ၇၀ ခွဲဝေပေးမယ်လို့ ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ခဲ့ပါတယ်။ လာမယ့်စက်တင်ဘာလ ၅ ရက်ကစပြီး ရှယ်ယာရှင်တွေကို အမြတ်ဝေစုခွဲပေးမှာ ဖြစ်ပါတယ်။ အစုရှယ်ယာရှင် တွေအနေနဲ့ EFR က ခွဲဝေပေးမယ့် အမြတ်ဝေစုကို မိမိတို့ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ခဲ့တဲ့ လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကတစ်ဆင့် လက်ခံရရှိနိုင်မှာ ဖြစ်ပါတယ်။ EFR ကုမ္ပဏီဟာ ရန်ကုန်စတော့ အိတ်ချိန်းရဲ့ Main Board မှာ ပါဝင်ဆောင်ရွက်နေတဲ့ အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ Pre–Listing Board မှာ လယ်ယာစိုက်ပျိုး ရေးကို အခြေခံတဲ့ကုမ္ပဏီတစ်ခုတို့က စတော့ရှယ်ယာတွေ နေ့စဉ်အရောင်းအဝယ်ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်းက ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီအများစု ဝင်ငွေကောင်းခဲ့တာကြောင့် အခုနှစ်မှာစတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုတွေ တက်လာနိုင်ဖွယ်ရှိတယ်လို့ စတော့ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။ (NVS 004)

22 Aug

ADVERTISE HERE .