"ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန် ပုံစံ (၁၅) စတင်ထုတ်ယူနိုင်"

22 Aug

ပြည်ပရောက်မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅)တွေကို သက်ဆိုင်ရာသံရုံးတွေမှာ ဩဂုတ်လ ၂၁ ရက်မှာ စတင်ထုတ်ယူနိုင်ပြီဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန် ပါတယ်။ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို လာမယ့်ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မှာဖြစ်ကြောင်း ထုတ်ပြန် ခဲ့ပြီးဖြစ်ပါတယ်။ ပြည်ပရောက်မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ(၁၅)ကို သက်ဆိုင်ရာ သံရုံးတွေမှာ ဩဂုတ်လ ၂၁ ရက်စပြီး ထုတ်ယူနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ မဲပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်ပြီးတဲ့ ပုံစံ(၁၅)ကို သက်ဆိုင်ရာသံရုံးများသို့ ဩဂုတ်လ ၂၁ ရက်ကနေ စက်တင်ဘာလ ၈ ရက်အတွင်း ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။ ပုံစံ (၁၅)ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဝက်ဆိုက်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဆိုက်နဲ့ သက်ဆိုင်ရာသံရုံးဝက်ဆိုက်တွေမှ Download ရယူနိုင်တယ်လို့ သိရပါတယ်။ (NVS 004)

22 Aug

ADVERTISE HERE .