UWSA က မည်သည့်လက်နက်များကိုမှ ငွေကြေးနှင့် လက်နက်များ ကူညီပေးတော့မှာ မဟုတ်ဟု ထုတ်ပြန်ကြေညာ

21 Aug

တော်လှန်ရေးအမည်ခံ အကြမ်းအဖက်အဖွဲ့အစည်းများအားလုံးကို နောက်ကွယ်ကနေ လက်နက်၊ ခဲယမ်းများ ပံ့ပိုး နေသည်ဟု ဝေဖန်ပြောဆိုခံနေရသည့် UWSA က လက်နက်ကိုင်အဖွဲ့အစည်းများနဲ့တွေ့ဆုံပွဲပြုလုပ်ကာ မည့်သည့် လက်နက်ကိုင် အဖွဲ့အစည်းများကိုမဆို ငွေကြေးနှင့်လက်နက်များ ကူညီပေးတော့မှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြား ခဲ့ပါတယ်။ ဩဂုတ်လ ၂၀ ရက် က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ပါဝင်တဲ့ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ “ဝ” ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယဥက္ကဋ္ဌ ပြည်ပဆက်ဆံရေး ဝန်ကြီး Zhao Guoan က မည်သည့်လက်နက်နှင့် ကိရိယာကိုမှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူ ချောမွေ့စေရေး သို့မဟုတ် မည်သည့်အဖွဲ့အစည်းကို မည်သည့်အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့်နေရာ၌ ဖြစ်စေ ငွေကြေးအကူအညီပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာသွားမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့်စက်ကိရိယာများ၊ ငွေကြေးအကူအညီများ သို့မဟုတ် ထိုကဲ့သို့သော အခြားကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ဝ” ဒေသကို ထပ်မံနှောင့်ယှက်ခြင်းများ ရှောင်ကြဉ်ကြရန် တက်ရောက်လာကြတဲ့ အဖွဲ့အစည်းများကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲကို “ဝ” ဘက်က ဗဟိုနိုင်ငံရေးဗျူရို၏အမြဲတမ်းကော်မတီအဖွဲ့ဝင် Zhao Zhongdan ၊ Zhao Guoan၊ Luo Yaku၊ Zhao Yannalai၊ Xiao Saibao၊ Bao Sanmure၊ Ping၊ Zhao the Brisaohu၊ စတဲ့ UWSA တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ (NVS 007)

21 Aug

ADVERTISE HERE .