“ရနောင်း-ကော့သောင်း-ရန်ကုန်ရေလမ်းကြောင်း သွင်းကုန်လိုင်စင်ခွင့်ပြုပေး”

21 Aug

နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင်သွင်းသူများကို ပို့ကုန်ရငွေ (Export Earning)ရှိလျှင် သွင်းကုန်လိုင်စင် ခွင့်ပြုပေးကြောင်း သိရပါတယ်။ ကုန်ပစ္စည်းများ တင်သွင်းလိုသူများအနေဖြင့် သွင်းကုန်လိုင်စင်များအတွက် တင်သွင်းလိုသည့် ကုန်ပစ္စည်းအားလုံး အတွက် သွင်းကုန်လိုင်စင် လျှောက်ထားရမှာဖြစ်ပါတယ်။ ယခုအခါ ရနောင်း-ကော့သောင်း-ရန်ကုန် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းဖြင့် ကုန်ပစ္စည်းတင်သွင်းသူများ အဆင်ပြေလျက်ရှိပြီး သင်္ဘောပိုင်ရှင်များနှင့် ကုန်ပစ္စည်းပိုင်ရှင်များ အနေနဲ့ သွင်းကုန်လိုင်စင်နှင့် တရားဝင်ကုန်သွယ်မှုဆောင်ရွက်ရာ၌ ကော့သောင်းရှိ Check Point များတွင် ဝင်ရောက် စစ်ဆေးခံရန် လိုအပ်မှာဖြစ်ပါတယ်။ သွင်းကုန်လိုင်စင်ခွင့်ပြုပေးခြင်းမှာ သွင်းကုန်တင်သွင်းသူများ၏ ပို့ကုန်ရငွေကို အလွယ်တကူ လွှဲပြောင်းသုံးစွဲ နိုင်မှာဖြစ်လို့ နိုင်ငံခြားငွေ တရားမဝင်ဝယ်ယူရန် မလိုအပ်တာကြောင့် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းများ တည်ငြိမ်ရန် မျှော်မှန်းထားကာ ကုန်သွယ်မှုပိုမိုတိုးတက်လာရန်နှင့် ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ရနောင်း-ကော့သောင်း-ရန်ကုန် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက မြဝတီလမ်းကြောင်းထက် ကုန်ကျစရိတ် သက်သာပြီး လုံခြုံစွာသွားလာနိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

21 Aug

ADVERTISE HERE .