“မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့်အထိမ်းအမှတ် ဆိုလာမီးတိုင်အစုံ ၃၀၀ လှူဒါန်း”

21 Aug

မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ China Foundation for Peace and Development နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းတို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီးအတွက် အမေရိကန်ဒေါ်လာ ၈၂,၀၀၀ ခန့် တန်ဖိုးရှိ ဆိုလာမီးတိုင် အစုံ ၃၀၀ လှူဒါန်းပေးအပ်ပွဲကို ဩဂုတ်လ ၁၉ ရက်တွင် ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် ပရဝဏ်အပြင်ဘက် ချူအင်လိုင်းတန်ဆောင်း အခမဲ့တည်းခိုဆောင် အမှတ်(၃)တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် တာဝန်ရှိသူများ၊ China Foundation for Peace and Development နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါတယ်။ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Ms. Gao Ping က ဆိုလာမီးတိုင် အစုံ ၃၀၀ လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေး ကို ဘက်စုံမဟာဗျူဟာမြောက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တည်ထောင်ခြင်း (၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီးအတွက် လှူဒါန်းသည့် ဆိုလာမီးတိုင်များကို ညောင်ဦးမြို့နယ်နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အစုံ ၁၅ဝ၊ မိတ္ထီလာမြို့နယ်တွင် အစုံ ၁၀၀၊ ပြင်ဦးလွင် မြို့နယ်တွင် အစုံ ၅၀ ကို တပ်ဆင်ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ လှူဒါန်းမှုများက နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုတွင် နှစ်နိုင်ငံပြည်သူများကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတည်တံ့ခိုင်မြဲစေပြီး ဒေသဖွံ့ဖြိုးရေးတွင် များစွာအထောက်အကူဖြစ်ကြောင်း ဆက်လက်ပြောကြားပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုလာမီးတိုင်များ လှူဒါန်းခဲ့တဲ့ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်၊ China Foundation for Peace and Development နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းတို့မှ တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)

21 Aug

ADVERTISE HERE .