“ကိုနာတေး ကို ယူရိုသန်း ၅၀ အောက်ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်မှာမဟုတ်တဲ့ လီဗာပူးလ်အသင်း”

21 Aug

လီဗာပူးလ်အသင်းဟာ ရီးရဲလ်အသင်းက ခေါ်ယူချင်နေတဲ့ ကိုနာတေး ကို ယူရိုသန်း ၅၀ အောက်နဲ့ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် ကိုနာတေး ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၆ နွေရာသီမှာ စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ သက်တမ်းတိုးခြင်း မရှိသေးပါဘူး။ ရီးရဲလ်အသင်းက လီဗာပူးလ် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ချိန်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်ယူဖို့ ချိန်ရွယ်နေပြီး အခုနွေရာသီမှာ ကမ်းလှမ်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ကိုနာတေး အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၃၅ သန်း အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းက ယူရိုသန်း ၅၀ အောက်နဲ့ ကမ်းလှမ်းရင် လက်ခံမှာ မဟုတ်ဘဲ သက်တမ်းတိုးနိုင်ဖို့သာ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ (NVS 008)

21 Aug

ADVERTISE HERE .