“ပီတာရှီလ်တန်ရဲ့ ပွဲအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဖလူမင်နိစ်ဂိုးသမား ဖာဘီယို”
21 Aug
ဖလူမင်နိစ်အသင်းက ဘရာဇီးလ်ဂိုးသမား ဖာဘီယို ဟာ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်း ပီတာရှီလ်တန် တင်ထားတဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ပွဲအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဖာဘီယိုဟာ ကိုလံဘီယာကလပ် America de Cali အသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ပါဝင်ကစားပြီး စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဖာဘီယို က ကစားသမားဘဝတစ်လျှောက် ၁,၃၉၁ ပွဲပြည့်မြောက်ခဲ့ပြီး ပီတာရှီလ်တန်ရဲ့ စံချိန်ကိုကျော်ဖြတ်ခဲ့ပါတယ်။ အခုပွဲအရေအတွက်က ပြိုင်ပွဲအဆင့်ပွဲစဉ်အားလုံးကို တွက်ချက်ခြင်းဖြစ်တာကြောင့် ပီတာရှီလ်တန် အနေနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ပွဲတွေရော အင်္ဂလန်ယူ-၂၃ အသင်းအတွက် ကစားခဲ့တဲ့ပွဲတွေရော ပါဝင်ခဲ့ပြီး ဖာဘီယို ကတော့ ဘရာဇီးလ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရဖူးခြင်းမရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)
21 Aug