“ရိုဒရီဂို ကို အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေတဲ့ အာဆင်နယ်အသင်း”

21 Aug

အာဆင်နယ်အသင်းဟာ ရီးရဲလ်အသင်းက ဘရာဇီးလ်တောင်ပံကစားသမား ရိုဒရီဂို ကို အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိ နေကြောင်း သိရပါတယ်။ ရိုဒရီဂို ဟာ နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက် ရီးရဲလ်အသင်းက ထွက်ခွာတော့မယ် လို့ ထင်ကြေးပေးခံနေရသူဖြစ်ပြီး အိုဆာဆူနာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ ချန်လှပ်ခံခဲ့ရပါတယ်။ ရိုဒရီဂို အနေနဲ့ အသင်းမပြောင်းရွှေ့ခဲ့ရင် နည်းပြ အလွန်ဆိုရဲ့ လက်အောက်မှာ ပွဲကစားခွင့်တွေ လျော့ကျဖွယ်ရှိကြောင်း သုံးသပ် နေကြပါတယ်။ အာဆင်နယ်အသင်းက ဘယ်တောင်ပံကိုအားဖြည့်ချင်နေအတွက် ရိုဒရီဂို ကို ခေါ်ယူဖို့စိတ်ဝင်စား နေပေမယ့် ရီးရဲလ်အသင်းက ပြောင်းရွှေ့ကြေးယူရိုသန်း ၁၀၀ အလိုရှိနေတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အငှားနဲ့သာ ခေါ်ယူဖို့စဉ်စားနေတာ ဖြစ်ပါတယ်။ (NVS 008)

21 Aug

ADVERTISE HERE .