“မနက်ဖြန်ကျင်းပမယ့် မွေထိုင်းပြိုင်ပွဲမှာ နော်ဥမ္မာစိုး အိမ်ရှင်ထိုင်းဖိုက်တာနဲ့ ထိုးသတ်မယ်”
21 Aug
မြန်မာ့ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုး ဟာ သြဂုတ်လ ၂၁ ကျင်းပမယ့် မွေထိုင်းပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းအမျိုးသမီး ဖိုက်တာနဲ့ ထိုးသတ်သွားဖို့ ရှိနေပါတယ်။ Patong Fight Night လို့ အမည်ရတဲ့ နိုင်ငံတကာမွေထိုင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ Patong Boxing Stadium တွင် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ နော်ဥမ္မာစိုးဟာ အမျိုးသမီးမွေထိုင်းပေါင် ၁၂၀ တန်းမှာ အိမ်ရှင်ထိုင်းအမျိုးသမီးဖိုက်တာ နွန်ဂန် နဲ့ ယှဥ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပြီး မွေထိုင်းအမျိုးသမီးချန်ပီယံ ခါးပတ်လုပွဲ ဖြစ်ပါတယ်။ နော်ဥမ္မာစိုး ဟာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ကစ်ဘောင်ဆင်ပွဲအဖြစ် ဂျာမနီအမျိုးသမီးဖိုက်တာ နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ရှုံးနိမ့်ထားပါတယ်။ နော်ဥမ္မာစိုး ဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက ထိုင်းအမျိုးသမီးဖိုက်တာနဲ့ ကစ်ဘောင်ဆင်တစ်ပွဲ ထိုးသတ်ထားရာမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။ (NVS 008)