“မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ မျက်စိအခမဲ့ကုသပေးမည်”

21 Aug

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ အခမဲ့မျက်စိ ကုသပေးမည်ဖြစ်ကြောင်းသိရပါတယ်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးကြပ် ကာ တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များကို မျက်စိအထူးကုဆရာဝန်များက အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ မျက်စိအထူးကုဆရာဝန်များက ၅ ဖွဲ့ခွဲ၍ တစ်ရက်လျှင် မျက်စိဝေဒနာရှင် ၅၀၀ ခန့်ကို ကုသပေးမည်ဖြစ်ပြီး မျက်စိစမ်းသပ်တဲ့ ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် ၂၅,၀၀၀ ကျပ်၊ မျက်စိခွဲစိတ်ကုသသည့် ဆေးဖိုးကျသင့်ငွေတစ်ဦးလျှင် ၂၅၀,၀၀၀ ကျပ်တို့အတွက် သဲဖြူဆရာတော်ကြီးက ငွေကျပ်သိန်း ၁,၀၀၀ မတည်လှူဒါန်းထားကြောင်း သိရပါတယ်။ မျက်စိဝေဒနာရှင်များ လာရောက်ဆေးကုသမှုခံယူရာတွင် အခမဲ့ဆေးကုသမှုခံယူနိုင်သလို စားသောက်ရေးများကိုပါ စီစဥ်ပေးထားမှာဖြစ်ပြီး မျက်စိဝေဒနာရှင်မည်သူမဆို လာရောက်ကုသမှုခံယူနိုင်ကြောင်း အသိပေးထားပါတယ်။ မျက်စိအခမဲ့ကုသရာမှာ လူနာဦးရေကန့်သတ်ထားတာကြောင့် သြဂုတ်လ ၂၈ ရက် နောက်ဆုံးထားကာ ၀၉-၉၈၈၈၄၃၅၉၃ သို့ ရုံးချိန်အတွင်း ကြိုတင်စာရင်းပေးနိုင်ပြီးမျက်စိဆိုင်ရာ ကုသိုလ်ယူလိုသူ အလှူရှင်များအနေဖြင့်လည်း မျက်စိစမ်းသပ်သည့် ဆေးဖိုးကုန်ကျငွေများ၊ မျက်စိခွဲစိတ်သည့် ဆေးဖိုးကုန်ကျငွေများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားပါတယ်။ (NVS 004)

21 Aug

ADVERTISE HERE .