“ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ နေပြည်တော်ရှိဟိုတယ်များတဝက်နီးပါး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့”

21 Aug

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ ဟိုတယ်များအနက်မှ ၄၂ ရာခိုင်နှုန်း ကျော် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနက် ၆၃ လုံးကို ပြင်ဆင်ပြီးဖြစ်၍ ပြန်လည်ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ဟိုတယ် ၆၃ လုံး၊ အခန်းပေါင်း ၂,၇၃၅ ခန်း၊ စုစုပေါင်း ၄၂ ဒသမ ၅ ရာခိုင်နှုန်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ကာ အင်ဂျင်နီယာအသင်း၏ အသိအမှတ်ပြုလက်မှတ်များရရှိထားသည့် အင်ဂျင်နီယာများ၏စစ်ဆေးချက်များဖြင့် ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း ခရီးသွားဧည့်သည် လာရောက်တည်းခိုမှုအနေနဲ့ လက်ရှိမှာပြည်တွင်းခရီးသွားဦးရေ ၁,၅၀၀ ကျော်၊ ပြည်ပခရီးသွားဦးရေ ၁၅၀ ကျော် လာရောက်တည်းခိုနေထိုင်လျက်ရှိကြောင်းလည်း သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာစုစုပေါင်း ၁၀၂ လုံး၊ အခန်းပေါင်း ၆,၄၃၄ ခန်း ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၉၉ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး ဟိုတယ် ၃ လုံး ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ပါတယ်။ (NVS 004)

21 Aug

ADVERTISE HERE .