“ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်နှင့်ပတ်သက်ပြီးဆွေးနွေး”
21 Aug
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ဩဂုတ်လ ၁၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေး နိုင်ရေးကိစ္စများ ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့်ပတ်သက်၍ သတင်းမှန်သိရှိနိုင်ရေးဆိုင်ရာများ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့်ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းက တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပြည်သူများ ပြည်ဝင်ခွင့် ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)