“ရွေးကောက်ပွဲ အပိုင်း(၁) ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်”
21 Aug
လာမည့်ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲ အပိုင်း(၁)တွင် မြို့နယ် ၁၀၂ မြို့နယ်၌ စတင်ကျင်းပ မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၂၀ ရက်က ထုတ်ပြန်ကြေညာပါတယ်။ အဆိုပါအပိုင်း(၁)မှာ ပါဝင်တဲ့မြို့နယ်များမှာ ကချင်ပြည်နယ်တွင် ၆ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၃ မြို့နယ်၊ ချင်းပြည်နယ် တွင် ၂ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂ မြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ၄ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ၉ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၈ မြို့နယ်၊ မွန်ပြည်နယ်တွင် ၅ မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ၃ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၈ မြို့နယ်နှင့် နေပြည်တော်တွင် ၈ မြို့နယ် တို့ဖြစ်ကြောင်း သိရပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကိုလာမည့် ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပ မှာဖြစ်ပြီး အပိုင်းလိုက်ထပ်မံကျင်းပမည့် ရွေးကောက်ပွဲရက်ကိုလည်း ဆက်လက်ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၈ ရက်က အသိပေးထားပါတယ်။ (NVS 004)