ကုန်ဈေးနှုန်းသတင်း ၂၀.၈.၂၀၂၅

20 Aug

ဩဂုတ်လ ၂၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီ၊ ကုလားပဲနဲ့ ကြက်သွန်ဖြူဈေးတွေ အနည်းငယ် တက်လာပြီး ကြက်သွန်နီနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ အာလူးဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၅,၆၅၇ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၅,၇၈၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၈၉၅ ကျပ်ကနေ ၄,၉၃၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၈၄,၄၃၉ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၅၆၅ ကျပ်ကနေ ၇,၂၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၉၀၀ ကျပ်ကနေ ၆,၆၀၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၀၃၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၃၃၀ ကျပ်ကနေ ၁၁,၃၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၃၀ ကျပ်ကနေ ၁,၆၅၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၆၀၀ ကျပ်ကနေ ၁,၉၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၂၀,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာ ကို ၄,၄၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၉,၃၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၄,၆၅၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၅,၃၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၂၃,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၂၁,၀၀၀ ကျပ်ကနေ ၅၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၁၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၃၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၀၀ ကျပ်၊ မန္တလေးမှာ ၃,၀၁၀ ကျပ်၊ နေပြည်တော်မှာ ၂,၉၈၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၉၅၅ ကျပ်၊ မန္တလေးမှာ ၃,၀၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၀၃၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၁၅ ကျပ်၊ မန္တလေးမှာ ၂,၇၂၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၉၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၃၅ ကျပ်၊ မန္တလေးမှာ ၃,၃၅၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၁၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၈၉၀,၀၀၀/-) ငါးဆယ် ရှစ်သိန်း ကိုးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၆၇၀,၀၀၀ိ/-) ခုနစ်ဆယ် ခြောက်သိန်း ခုနစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

20 Aug

ADVERTISE HERE .