“ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) ရလဒ်ကို အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုနိုင်”

20 Aug

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် ကျင်းပခဲ့သော ဂျပန်ဘာသာအရည်အချင်းစစ်(JLPT)စာမေးပွဲ Online ရလဒ်များကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်(တနင်္လာနေ့) နံနက် ၇ နာရီခွဲမှစတင်၍ ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်(သောကြာနေ့) မွန်းလွဲ ၂ နာရီခွဲအထိ ကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက ထုတ်ပြန် ထားပါတယ်။ စာမေးပွဲရလဒ်ကို Website link-https://www.jlpt.jp/e/guideline/results_online.html မှတစ်ဆင့် other countries သို့ဝင်ရောက်၍ Test Result ကိုနှိပ်ကာ မိမိခုံနံပါတ်နှင့် Passcode ရှစ်လုံး ရိုက်ထည့်ကာ ကြည့်ရှုနိုင်ပါတယ်။ Passcode ရှစ်လုံးမပြည့်သူများ၊ လုံးဝမဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ဘဲ Alphabet များပါဝင်နေသည့် Passcode များဖြစ်ပါက Online Result ကြည့်ရှုနိုင်မည်မဟုတ်ကြောင်း သိရပါတယ်။ JLPT Certificate များရောက်ရှိပါက ထုတ်ယူရမည့်ရက်ကို ထပ်မံကြော်ငြာပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးကြေညာထားပါတယ်။ (NVS-004)

20 Aug

ADVERTISE HERE .