“ငပုတောမြို့နယ်တွင် မျှင်ငါးပိများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ”
20 Aug
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မျှင်ငါးပိများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်ထံမှ သိရပါတယ်။ ငပုတောမြို့နယ်တွင် ဒေသထွက်မျှင်ငါးပိများသည် ဩဂုတ်လဒုတိယပတ်မှ လက်ရှိအချိန်ထိ ဝယ်ယူမှုကောင်း မွန်လာသဖြင့် မျှင်ငါးပိများ တစ်ရက်လျှင် ပိဿာချိန် ၄,၅၀၀ မှ ၅,၀ဝ၀ ထိ အရောင်းအဝယ်ကောင်းလျက်ရှိနေပါတယ်။ ငပုတောမြို့နယ်ရှိ မျှင်ငါးပိရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များအနေဖြင့် ဒေသထွက်မျှင်ငါးပိများကို အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိပြီး အဆိုပါ မျှင်ငါးပိများအရောင်းအဝယ်ကောင်းလာသည့်အတွက် ရေလုပ်သားများ၊ ကုန်သည် များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလာကြောင်း သိရပါတယ်။ (NVS-004)
20 Aug