“မြိတ်ဒေသအတွက်အရေးပါသည့် ရေပေးဝေရေးစီမံကိန်း လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ် (B.O.T) လက်မှတ် ရေးထိုး”
20 Aug
တနင်္သာရီတိုင်း၊ မြိတ်ဒေသအတွက်အရေးပါသည့် မြိတ်မြို့ရေပေးဝေရေးစီမံကိန်းအား မြေဧရိယာ(၃၁၈ ဒသမ ၀၆) ဧကတွင် BBWI & MCPC Co.,Ltd မှ ဖော်ဆောင်သွားမည်ဖြစ်ရာ တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ် (B.O.T) အား သြဂုတ်လ ၁၈ ရက်တွင် တိုင်းအစိုးရအဖွဲ့နှင့်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ လက်မှတ်ရေးထိုးပွဲသို့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းအား မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်နှင့်အစိုးရတို့၏ သဘောတူညီမှုဖြင့် BBWI & MCPC Co.,Ltd နှင့်မြိတ်အများပိုင်တို့က နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်၍ မြိတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောစီမံကိန်းဖြစ် ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရေသုံးစွဲသူများကို သက်သာစွာသုံးစွဲနိုင်ရေးအတွက် အဓိကထားထည့်သွင်းပြီး ဆောင်ရွက်ပေးစေလို ကြောင်း၊ ရေပေးဝေရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက မြိတ်မြို့တွင်နေထိုင်သော ပြည်သူများ အတွက် ဈေးနှုန်းသက်သာစွာဖြင့် ရေကောင်းရေသန့်နှင့် သောက်သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် BBWI & MCPC Co.,Ltd တို့ကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)အား နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ (NVS-004)