“ချန်ဒူး–ရန်ကုန် ခရီးသည်တင်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန်ဆွေးနွေး”

20 Aug

ကိုဗစ်ကာလတွင် ရပ်ဆိုင်းထားခဲ့သည့် ချန်ဒူး–ရန်ကုန် ခရီးသည်တင်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန် အတွက် ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချန်ဒူးမြို့ရှိ စီချွမ်းပြည်နယ် နိုင်ငံခြားရေးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် Mr. Ma Cong အား သွားရောက်တွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် စီချွမ်းပြည်နယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ နှစ်ဖက်အကြားခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံနိုင်ရေးအတွက် ကိုဗစ်ကာလတွင် ရပ်ဆိုင်းထားခဲ့သည့် ချန်ဒူး–ရန်ကုန် ခရီးသည်တင်လေကြောင်းလိုင်း များ ပြန်လည်ပြေးဆွဲနိုင်ရေး၊ စီချွမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအကြား စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ရေး စတဲ့ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ (NVS-004)

20 Aug

ADVERTISE HERE .