“ဆင်နာ ဆက်မပြိုင်နိုင်၍ ချန်ပီယံဖြစ်ခဲ့တဲ့ အယ်ကာရက်ဇ်”

20 Aug

စင်စင်နာတီ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ အီတလီတင်းနစ်သမား ဆင်နာ အဖျားရောဂါကြောင့် ပြိုင်ပွဲကို ဆက်မပြိုင်နိုင်တော့တဲ့အတွက် စပိန်နိုင်ငံသား အယ်ကာရက်ဇ်က ချန်ပီယံဆုကို ရသွားပါတယ်။ ကမ္ဘာ့အဆင့်(၁) ဆင်နာဟာ ဗိုလ်လုပွဲစဉ်အဖြစ် ပူးပြင်းတဲ့နေရောင်အောက်မှာ ၂၃ မိနစ်ကြာ ကစားခဲ့ပြီးနောက် ပြိုုင်ပွဲကို ဆက်မပြိုင်နိုင်တော့တာဖြစ်ပါတယ်။ ပထမပွဲလတ် ၂ ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက် ဆင်နာဟာ ဆေးကုသ ခွင့် တောင်းဆိုခဲ့ရသလို ပွဲလတ် ၅ ပွဲကစားအပြီး အယ်ကာရက်ဇ်ကို အပြတ်အသတ်ရှုံးနိမ့်နေချိန်မှာ ဆက်လက်ယှဉ်ပြိုင် နိုင်ခြင်းမရှိတော့ကြောင်း ဒိုင်လူကြီးဆီ အသိပေးခဲ့တာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့တဲ့ အယ်ကာရက်ဇ် ကလည်း ဆင်နာအတွက် စိတ်မကောင်းဖြစ်ရကြောင်း ဆုလက်ခံအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။(NVS 008)

20 Aug

ADVERTISE HERE .