“အကောင်းဆုံးဂိုးသမားဆုကို မျိုးမြမြငြိမ်း ရရှိပြီး ဝင်းသိင်္ဂီထွန်းက သွင်းဂိုးအများဆုံး ကစားသမားဆုရရှိ”

20 Aug

၂၀၂၅ ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဆုကို မြန်မာအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း က သွင်းဂိုး ၇ ဂိုးဖြင့် ရရှိခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဂိုးသမားအဖြစ် မြန်မာအမျိုးသမီးအသင်း ဂိုးသမား မျိုးမြမြငြိမ်း ကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ မျိုးမြမြငြိမ်း က ပြိုင်ပွဲ တစ်လျှောက် မြန်မာအသင်း ဂိုးမပေးရရေး အကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့ပြီး လက်စွမ်းပြသနိုင်ခဲ့တာကြောင့် အကောင်းဆုံးဂိုးသမားအဖြစ် ထိုက်တန်စွာရွေးချယ်ခံခဲ့ရခြင်းပါတယ်။ အဆိုပါပွဲစဉ်မှာ ဩစတြေးလျအသင်းရဲ့ ဖိအားပေး တိုက်စစ်ဆင်မှုများ အောက်မှာကာကွယ်နိုင်ခဲ့တဲ့အတွက် ဂိုးပြတ်နှင့်ရှုံးနိမ့်မည့်အရေးမှသက်သာရာရခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 008)

20 Aug

ADVERTISE HERE .