“၁၂ နှစ်ကြာရပ်နားခဲ့သော အစ္စရေးအမျိုးသားလေကြောင်းလိုင်း ပြန်လည်စတင်”
20 Aug
အစ္စရေးနိုင်ငံ၏အထင်ကရအမျိုးသားလေကြောင်းလိုင်း El Al သည် အောက်တိုဘာလတွင် ပြည်တွင်း လေကြောင်းခရီးစဉ်များ ပြန်လည်စတင်မည်ဖြစ်ကြောင်း ဩဂုတ်လ ၁၉ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လေကြောင်း လိုင်း ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်ဆိုင်းထားပြီး နောက် ၁၂ နှစ်နီးပါးအကြာတွင် ၎င်း၏ တဲအဗစ်-အီလတ် လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ El Al လေကြောင်းလိုင်းသည် လုံခြုံရေးနှင့်ငွေကြေးဆိုင်ရာ စိုးရိမ် ပူပန်မှုများကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဘန်ဂူရီယံ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အီလတ်လေဆိပ်ဟောင်း ကြား ပျံသန်းမှုများကို ရပ်ဆိုင်းခဲ့သည်။ အသစ်ပြန်လည်စတင်လိုက်သည့် လေကြောင်းလိုင်းသည် ၂၀၁၉ ခုနှစ်တွင် အီလတ်မြို့လေဆိပ်ကို အစားထိုး ခဲ့သည့် ရာမွန်လေဆိပ်သို့ ပြေးဆွဲ၍ ဝန်ဆောင်မှုများပေးသွားမည် ဖြစ်သည်။ လတ်တလောတွင် El Al သည် နိုင်ငံတကာလေကြောင်းများသာ လည်ပတ်လျက်ရှိပြီး အစ္စရေးလေကြောင်း လိုင်း များဖြစ်သည့် အာကီယာ နှင့် အစ်ရာအား သည် တဲအဗစ်-အီလတ်လမ်းကြောင်းကို ပြေးဆွဲလျက် ရှိသည်။ ပို့ဆောင်ရေးဝန်ကြီးဌာန၏ တောင်းဆိုချက်အရ စတင်ခဲ့သော လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲမှုသည် အစ္စရေး တောင်ပိုင်းနှင့်အီလတ်ဒေသခံများအတွက် ပိုမိုတိုးတက်ကောင်းမွန်လာစေမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံအနှံ့ သယ်ယူ ပို့ဆောင်ရေးချိတ်ဆက်မှုများကို ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း လေကြောင်းလိုင်း က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။