“အင်ဒိုနီးရှားနိုင်ငံက ကူညီထောက်ပံ့ရေးပစ္စည်း တန်ချိန် ၈၀ဝ ဂါဇာသို့ လေကြောင်းမှတစ်ဆင့် ပစ်ချပေးပို့”
20 Aug
အင်ဒိုနီးရှားနိုင်ငံသည် စားရေရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များအပါအဝင် ကူညီထောက်ပံ့ရေးပစ္စည်း တန်ချိန် ၈၀၀ ကို ဂါဇာကမ်းမြောင်သို့ ပေးပို့လိုက်ကြောင်း စစ်ဘက်အရာရှိတစ်ဦးက ဩဂုတ်လ ၁၈ ရက်တွင် ပြော သည်။ အင်ဒိုနီးရှားတပ်မတော်မှ ဂါရူဒါမေရာပူတိ ၂ အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် C-130J Super Hercules လေယာဉ်နှစ်စင်း အသုံးပြုကာ ဂါဇာဒေသခံများဆီသို့ ကူညီထောက်ပံ့ရေးပစ္စည်းများကို ဩဂုတ်လ ၁၇ ရက်တွင် လေကြောင်းမှတစ်ဆင့် ပစ်ချပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ကာကွယ်ရေးသတင်း အချက်အလက်ဆိုင်ရာ ဗျူရိုအကြီးအကဲ ဖရီဂါဝီနာ့စ်အင်ကီရီဝန်က ပြောသည်။ ထို့အပြင် အဆိုပါအကူအညီများကို နေရာ ၁၀ နေရာသို့ လေကြောင်းမှ ပစ်ချပေးပို့ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည် ပါလက်စတိုင်းများကို ဆန်တန်ချိန် ၁၀,၀၀၀ ပေးပို့ရန်ဆုံးဖြတ်ထားကြောင်း၊ ပဋိပက္ခ ဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသော ဂါဇာဒေသခံ ၂,၀၀၀ ကိုလည်း ဆေးဝါးကုသမှုများပေးရန် စီစဉ်ထား ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။