“ဧရာဝတီမြစ်ကြောင်းကို ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းရန် သုတေသနပြုလုပ်မည်”
20 Aug
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းဒေသအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိတဲ့ ဧရာဝတီမြစ်ကြောင်းကို ရေလမ်း ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် သုတေသနပြုလုပ်သွားမယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ သြဂုတ်လ ၁၉ ရက်က ချောက်မြို့နှင့် ရေနံချောင်းမြို့တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများကို သီးခြားစီတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ယာမြေများကို စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင် စီမံကိန်းများနဲ့ ဆောင်ရွက်ပါက အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကာ ဧရာဝတီမြစ်ကြောင်းကို ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်း ရေးအတွက် သုတေသနပြုလုပ်ပေးသွားမည်ဟုပြောကြားခဲ့ပါတယ်။ ရေနံမြေဧရိယာအတွင်းဆောက်လုပ်ထားတဲ့ နေအိမ်များနှင့်ပတ်သက်၍ မြို့မိ/မြို့ဖများရဲ့ တင်ပြချက်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ရေနံမြေဧရိယာအတွင်းရှိ နေအိမ်များကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့် အညီ နေထိုင်ခွင့်ရရှိရန်ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပါတယ်။ (NVS 004)