“မြန်မာ့ဒေသရင်းငှက်မျိုးစိတ်၉ မျိုးနဲ့ ထုတ်ဝေမယ့် စာပို့တံဆိပ်ခေါင်းသစ် ၁ မျိုး ထုတ်ဝေမည်”

20 Aug

မြန်မာနိုင်ငံမှာ ကျက်စားတဲ့ ဒေသရင်းငှက်မျိုးစိတ် ၉ မျိုးနဲ့ ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်း စုဆောင်းသူဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ထုတ်ဝေပေးမယ်လို့ သိရပါတယ်။ အဆိုပါတံဆိပ်ခေါင်းကို ဩဂုတ်လ ၂၀ ရက်၊ နံနက် ၉ နာရီခွဲ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများမှာ တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ အထူးအစီအစဉ် တစ်ရပ်အနေနဲ့ ယင်းနေ့များမှာ ဝယ်ယူသူများအတွက် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်း များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)

20 Aug

ADVERTISE HERE .