“ယူ-၂၃ အာရှဖလားခြေစစ်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်”

19 Aug

ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စု(B)ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲစဉ်များကို စက်တင်ဘာလ ၃ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ တစ်ရက်လျှင် ၂ ပွဲနှုန်းနဲ့ ကျင်းပသွားမည့်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။ မြန်မာယူ -၂၃ အသင်းက အာရှအင်အားကြီးအသင်း ဂျပန်၊ ကူဝိတ်၊ အာဖဂန်နစ္စတန်အသင်းတို့နဲ့ ထိပ်တိုက်တွေ့နေကာ အုပ်စု ၁၁ ခုမှ အုပ်စုပထမ တစ်သင်းစီနှင့် အကောင်းဆုံးအုပ်စုဒုတိယ ၄ သင်း၊ စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။ မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းကို ဂျပန်နည်းပြ ကူရို မှ တာဝန်ယူကိုင်တွယ်နေပြီး သြဂုတ်လ ၂၀ ရက် မှစတင်ကာ စခန်းဝင်လေ့ကျင့်မှုများ ပြန်လည်စတင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

19 Aug

ADVERTISE HERE .