“ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တဲ့ ဟာရီကိန်း”
19 Aug
ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းက ကစားသမားသစ်တွေထပ်မံခေါ်ယူဖို့ အသင်းတာဝန်ရှိသူ တွေကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလ မှာ ထိပ်တန်းကစားသမားတွေထဲက လူးဝစ်ဒီယက်ဇ် တစ်ဦးကိုသာ ခေါ်ယူထားနိုင်သေးတာကြောင့် ဟာရီကိန်း က ထပ်ခေါ်ဖို့ တိုက်တွန်းခဲ့ခြင်း ဖြစ်ပါတယ်။ ဟာရီကိန်း က ရာသီကြိုကာလမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကစားသမားတချို့ ရှိနေပေမယ့် လုံလောက်မှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းကို အားဖြည့် နိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ (NVS 008)
19 Aug