“ရိုးမားရဲ့ ကမ်းလှမ်းမှုကို ဆန်ချို ငြင်းပယ်ခဲ့ကြောင်း သတင်းထွက်”

19 Aug

မန်ယူအသင်းက အင်္ဂလန်တောင်ပံကစားသမား ဆန်ချို ဟာ ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သတင်းထွက်လာခဲ့ပါတယ်။ ဆန်ချို ဟာ မန်ယူအသင်းနဲ့ လမ်းခွဲဖို့ စီစဉ်နေပေမဲ့ ဘက်ဆစ်တက်အသင်းနဲ့ ဆွေးနွေးဖို့ ငြင်းဆန်ခဲ့သလို၊ ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆန်ချို ဟာ နည်းပြ အာမိုရင်မ်ရဲ့ အနာဂတ်အစီအစဉ်ထဲ မပါဝင်တော့တာကြောင့် အရောင်းစာရင်းတင်သွင်းခံ ထားရသူဖြစ်ပြီး မန်ယူအသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ဆန်ချို ရဲ့ မြင့်မားတဲ့လစာနှုန်းထားကြောင့် ထိပ်သီးအသင်းတချို့က ခေါ်ယူချင်ပေမယ့် လက်လျှော့ခဲ့ကြပြီး လစာပေးဖို့ အသင့်ရှိ နေတဲ့ ဘက်ဆစ်တက်အသင်းကို ဆန်ချို က တူရကီမှာ မကစားချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆန်ခဲ့တာ ဖြစ်ပါ တယ်။ ဆန်ချို ရဲ့ အေးဂျင့်ဖြစ်သူက စျေးကွက်မပိတ်ခင် အသင်းသစ် ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ (NVS 008)

19 Aug

ADVERTISE HERE .