“စပါးအသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့တဲ့ ရိုမဲရိုး”

19 Aug

ဆွန်ဟောင်မင် ထွက်ခွာသွားပြီးနောက် စပါးအသင်းခေါင်းဆောင်ဖြစ်လာတဲ့ ခရစ္စတီယန် ရိုမဲရိုး ဟာ အသင်းနဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ရိုမဲရိုး ဟာ ၂၀၂၁ ခုနှစ်မှာ အတ္တလန်တာအသင်းကနေ ပြောင်းရွှေ့လာ ခဲ့ပြီး ကနဦးအငှားနဲ့ ကစားခဲ့ပါတယ်။ ရိုမဲရိုး ဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၁၂၆ ပွဲကစားကာ ရှစ်ဂိုး သွင်းယူ ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ရိုမဲရိုး က အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ က ရီးရဲလ်အသင်းနဲ့ သတင်းထွက်ခဲ့ပြီး အခုနွေရာသီမှာ အက်သလက်တီကိုမက်ဒရစ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ရှိခဲ့ပါတယ်။ စပါးအသင်းနည်းပြသစ်ဖြစ်လာတဲ့ သောမတ်စ်ဖရန့်ခ် က အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ပြီးနောက် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

19 Aug

ADVERTISE HERE .