“ရေကြီးမှုကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ မိုးစပါးစိုက်တောင်သူများကို မျိုးစပါး၊ မြေဩဇာများနှင့် မျိုးစေ့ချကိရိယာများ ပေးအပ်”
19 Aug
ကရင်ပြည်နယ်အတွင်း ယခုနှစ်ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မိုးစပါးစိုက်တောင်သူများကို မျိုးစပါး၊ မြေဩဇာများနှင့် မျိုးစေ့ချကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧက စိုက်ပျိုးပြီး ၁၉၁,၅၃၁ ဧက နှင့် ၂၉,၃၄၉ ဧက ရေလွှမ်းခဲ့ပြီး ၁၈,၆၅၅ ဧကထိခိုက်ခဲ့ကာ ၈,၁၉၀ ဧကပျက်စီးခဲ့ကြောင်း သိရပါတယ်။ တောင်သူများအနေနဲ့ ထိခိုက်ပျက်စီးဧကများ ပြန်လည် ကုစားစိုက်ပျိုးနိုင်ရေးနှင့်အထွက်နှုန်းတိုးမြှင့်ရေးအတွက် ယခုထောက်ပံ့ပေးတဲ့ လယ်ယာသုံးပစ္စည်များကို အမှန်တကယ် အသုံးချနိုင်ရေး ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်မြစ်ရေမြင့်တက်ကာ ကရင်ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများပျက်စီးခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 004)
19 Aug