“ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ်မရှိ”
19 Aug
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)ရဲ့ သြဂုတ်လ ၁၈ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လ ၁၀ ရက်ည ၈ နာရီမှ ၁၇ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၆၃၀ ခုကို စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့တဲ့အပြင် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသော လူနာနှင့် ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးလူနာမရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံး နိုင်ခြေမြင့်မားတဲ့ အသက်အရွယ်ကြီးသူများ(အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ(ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်နဲ့ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် အသိပေးနှိုးဆော်ထား ပါတယ်။ လတ်တလောမိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် ပတ်သက်၍ စိုးရိမ်ဖွယ် ရာအခြေအနေမရှိပေမယ့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။(NVS 004)