“ဘားအံမြို့နယ်အတွင်း ရေကြီးခြင်း သတိပေးချက်ထုတ်ပြန်ထား”

19 Aug

သံလွင်မြစ်ရေက ဘားအံမြို့မှာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ လက်မခန့်သို့ရောက်ရှိနေပြီးနောက်ထပ် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၁၉ ရက်နံနက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေနဲ့ ကြိုတင်သတိပြုနိုင်ရန် နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် အသိပေးနှိုးဆော်ထားကြောင်း သိရပါတယ်။ ဘားအံမြို့နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၆ ရက်ကစတင်ကာ သံလွင်မြစ်ရေမြင့်တက်ခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပါတယ်။ ယခုလို မြင့်တက်ခဲ့ရာမှ စိုးရိမ်ရေမှတ်အထက်သို့ ဩဂုတ်လ ၁၃ ရက်အထိရှိနေခဲ့ပြီး ဩဂုတ်လ ၁၄ ရက်မှစတင်ကာ စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်ရက်ပိုင်းအကြာမှာ စိုးရိမ်ရေမှတ်အနီးသို့ ပြန်လည်မြင့်တက် လာနေတဲ့အတွက် ဘားအံမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားလာနိုင်ခြင်းကြောင့် ရေဘေးသတိပေးချက် ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။(NVS 004)

19 Aug

ADVERTISE HERE .