“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များ ခရီးသွားရာသီအမီ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ”

19 Aug

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်များနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တို့ ဖက်စပ်လုပ်ကိုင်နေတဲ့ ဟိုတယ်များအနေနဲ့ ပွင့်လင်းရာသီကာလခရီးသွားရာသီအမီ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ရန်ကုန်မြို့က မြန်မာနိုင်ငံ၏ အဓိကခရီးစဉ်တစ်ခုဖြစ်တဲ့အတွက် လာရောက်တည်းခိုကြတဲ့ ဧည့်သည်များကို အဆင့်အတန်းမီသည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုများပေးနိုင်ရန် ဟိုတယ်အတွင်း မြန်မာ့လက်မှုပစ္စည်းများခင်းကျင်း ပြသထားရှိကာ မြန်မာ့ရိုးရာအစားအစာများကို အဆင့်အတန်းမီစွာ ချက်ပြုတ်ပြင်ဆင်ဧည့်ခံနိုင်ရန်နှင့် ရှေးဟောင်း အမွေအနှစ်များ မပျောက်ပျက်စေရန်ထိန်းသိမ်းစောင့်ရှောက်ပြီး ခေတ်သစ်ဒီဇိုင်းများဖြင့်ပေါင်းစပ်ကာ အဆင့်မြင့် ဟိုတယ်များအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တွင်းရှိ ရပ်နားထားသည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များပွင့်လင်းရာသီကာလအမီ ဟိုတယ်အခန်းများ၊ ခန်းမများအား ရာခိုင်နှုန်းအလိုက် အမြန်ဆုံးစတင်ဖွင့်လှစ်ပြီး ဧည့်သည်များအား ပိုမိုလက်ခံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားဖက်စပ်ဟိုတယ်များဖြစ်တဲ့အတွက် အာဆီယံ အစည်းအဝေးများ လက်ခံကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိကြောင်းလည်း သိရပါတယ်။(NVS 004)

19 Aug

ADVERTISE HERE .