“(၈)ကြိမ်မြောက် လှိုင်စာပေဆု ဝတ္ထုတိုပြိုင်ပွဲ ကျင်းပမည်”
18 Augလှိုင်မြို့နယ် စာရေးဆရာအသင်းမှ စာပေအရည်အသွေးပြည့်မီသော ရသဝတ္ထုတိုများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် (၈)ကြိမ်မြောက် လှိုင်စာပေဆုဝတ္ထုတိုပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဝတ္ထုတိုပြိုင်ပွဲကို မိမိနှစ်သက်ရာ အကြောင်းအရာများဖြင့် ရေးသားနိုင်ပြီး မည်သူမဆို လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ပါတယ်။ စာမူများကို ဩဂုတ်လ ၂၀ ရက်မှ စက်တင်ဘာလ ၃၀ ရက်အတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဒေါ်တင်တင် ဖုန်း ၀၉-၄၄၀၃၇၄၀၆၇၊ အမှတ်(၅၃)၊ ကျောင်းကုန်း(၂)လမ်း၊ (၇)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ စာတိုက်မှဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ လျှောက်ထားနိုင်ပါတယ်။ ပြိုင်ပွဲ၌ ဆုရရှိသူများအား ပထမဆု ငွေကျပ်နှစ်သိန်း၊ ဒုတိယဆု ငွေကျပ်တစ်သိန်းခွဲ၊ တတိယဆု ငွေကျပ် တစ်သိန်းနှင့် အထူးဆုငါးဆုကို ငွေကျပ်ခုနစ်သောင်းစီနှင့် အခမ်းအနားဖြင့်ပေးအပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။ (NVS-004)