“ရွှေတိဂုံစေတီတော်သို့ ပြည်တွင်း/ပြည်ပဘုရားဖူး ခြောက်သိန်းဝန်းကျင် ဇူလိုင်လအတွင်းလာရောက်ဖူးမြော်”
18 Augရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးသို့ ဇူလိုင်လအတွင်း ပြည်တွင်း/ပြည်ပဘုရားဖူးဧည့်သည် ခြောက်သိန်း ဝန်းကျင် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ဇူလိုင်လအတွင်း ဘုရားဖူးလာရောက်မှုအနေဖြင့် သံဃာတော် ၁၁,၈၈၇ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၅,၃၂၃ ပါး၊ အမျိုးသား ၂၆၉,၆၅၄ ဦး၊ အမျိုးသမီး ၃၀၆,၄၈၆ ဦး၊ နိုင်ငံခြားသား ၂,၉၁၆ ဦး၊ နိုင်ငံခြားသူ ၃,၀၃၅ ဦး စုစုပေါင်း ၅၉၉,၃၀၁ ဦး လာရောက်ဖူးမြော်ခဲ့ပါတယ်။ အဆိုပါကာလအတွင်း ပြည်တွင်း/ပြည်ပ ဘုရားဖူးဧည့်သည်များအနေနဲ့ ရုံးဖွင့်ရက်များ၌ တစ်ရက်လျှင် အနည်းဆုံးလူဦးရေ တစ်သောင်းဝန်းကျင်မှ တစ်သိန်းသုံးသောင်းဝန်းကျင်အထိ လာရောက်ကြပြီး အများပြည်သူ ရုံးပိတ်ရက်များဖြစ်တဲ့ ဇူလိုင်လ ၆ ရက်(တနင်္ဂနွေနေ့)တွင် လာရောက်သူဦးရေ ၃၄,၂၈၀၊ ဇူလိုင်လ ၉ ရက် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ၁၂၈,၁၆၂ ဦး၊ ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့)တွင် ၃၀,၀၆၅ ဦး လာရောက် ဖူးမြော်ခဲ့ကြပါတယ်။ ရွှေတိဂုံစေတီတော်ကြီးအား ဘဏ္ဍာထိန်းဂေါပကအဖွဲ့အနေနဲ့ ရပ်နီးရပ်ဝေးမှဘုရားဖူးများ အဆင်ပြေစေရန်နှင့် စိတ်အေးချမ်းသာစွာဖူးမြော်နိုင်စေရန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ဘုရားဖူးမြော်ချိန်ကို နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပေးလျက်ရှိရာမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက် မှစ၍ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်ဖွင့်လှစ် ပေးထားကြောင်း သိရပါတယ်။ (NVS-004)