“ရီဘာကီနာကို နှစ်ပွဲအနိုင်ရကာ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဆွီယာတက်ခ်”
18 Aug
အမေရိကန်နိုင်ငံကျင်းပလျက်ရှိတဲ့ WTA 1000 ပြိုင်ပွဲရဲ့ ဆီးမီဖိုင်နယ်ပွဲစဉ်တစ်ပွဲမှာ ကမ္ဘာအဆင့် (၃) ပိုလန် တင်းနစ်မယ် ဆွီယာတက်ခ် က ကမ္ဘာအဆင့် (၉) ကာဇက်စတန်တင်းနစ်မယ် ရီဘာကီနာ ကို အနိုင်ရရှိခဲ့ကာ ဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ဟာ အကောင်းဆုံးလက်စွမ်းတွေနဲ့အတူ လက်စွမ်းပြသနိုင်ခဲ့ပြီး ကာဇက်စတန်တင်းနစ်မယ် ရီဘာကီနာ ကို ၇-၅၊ ၆-၃ ဆိုတဲ့ရလဒ်နဲ့ နှစ်ပွဲအနိုင်ရကာ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ ပါတယ်။ ဖိုင်နယ်အဆင့်မှာတော့ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ဟာ ကမ္ဘာအဆင့် (၇) အီတလီတင်းနစ်မယ် ပီအိုလီနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။(NVS 008)
18 Aug