“ဘုန်းမောက်အသင်းက အော့တာရာ ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘရန့်ဖို့ဒ် ခေါ်ယူ”
18 Aug
ဘရန့်ဖို့ဒ်အသင်းဟာ ဘုန်းမောက်အသင်းက ဘာကီနာဖာဆိုတိုက်စစ်ကစားသမား ဒန်ဂိုအော့တာရာကို ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အော့တာရာ ရဲ့ပြောင်းရွှေ့ကြေးက အမြင့်ဆုံး ပေါင် ၄၂ ဒသမ ၅ သန်းအထိ ရောက်ရှိ နိုင်တယ်လို့ သိရပါတယ်။ ၎င်းဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းထားပါတယ်။ အော့တာရာ အနေနဲ့ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၃၇ ပွဲမှာ ကိုးဂိုးသွင်းယူခဲ့ပါတယ်။ ဘရန့်ဖို့ဒ်အသင်းဟာ အမ်ဘူမို နေရာမှာ အစားထိုးဖို့ အော့တာရာ ကို ခေါ်ယူခဲ့တာလည်း ဖြစ်တယ်။ ဘရန့်ဖို့ဒ်အသင်းကို အော့တာရာ ရောက်လာလို့ အသင်းကစားသမား ဝစ်ဆာ ကတော့ ထွက်ခွာဖို့ သေချာသလောက် ရှိသွားခဲ့ပါတယ်။(NVS 008)
18 Aug