“စီရော်နယ်လ်ဒိုကြောင့် အယ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ကိုးမန်း”

18 Aug

ပြင်သစ်တောင်ပံကစားသမား ကင်စလေကိုးမန်း ဟာ အယ်လ်နာဆာအသင်းထံ စီရော်နယ်လ်ဒိုကြောင့် ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စီရော်နယ်လ်ဒို က ကိုးမန်းကို ဆွဲဆောင်စည်းရုံးခဲ့တယ်လို့လည်း သိရပါတယ်။ ကိုးမန်း ဟာ အယ်လ်နာဆာအသင်းထံ သုံးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းဖြစ်ကာ အမြင့်ဆုံးယူရိုသန်း ၃၀ အထိ ဖြစ်နိုင်ပါတယ်။ ကိုးမန်း ဟာ စာချုပ်အရ တစ်နှစ်လစာ ယူရိုသန်း ၂၀ နဲ့ ၂၅ သန်းအကြား ရရှိပါလိမ့်မယ်။ အယ်လ်နာဆာအသင်းဟာ အခုနွေရာသီမှာ ဂျော်အိုဖေးလစ်၊ အီနီဂိုမာတီနက်ဇ် တို့ကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။(NVS 008)

18 Aug

ADVERTISE HERE .