“ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းကို နိုင်ငံတော်မှ ဒေါ်လာသုံးသောင်းဆုချီးမြှင့်”

18 Aug

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်မှာ ဗိုလ်လုပွဲသို့ ရောက်ရှိသွားသော မြန်မာအမျိုးသမီး ဘောလုံးအသင်းကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုဆုငွေ ဒေါ်လာ ၃၀,၀၀၀ ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးအသင်းက ဩဂုတ်လ ၁၆ ရက်က ထိုင်းအမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ၏ ထုတ်ပြန်မှုတွင် ဗိုလ်လုပွဲ တက်ရောက်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက လက်ရှိမှာ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ နှင့် မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ ဆုငွေရရှိထားပါတယ်။ မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက လာမည့်ဩဂုတ်လ ၁၉ ရက် မြန်မာစံတော်ချိန်ည ၇ နာရီခွဲတွင် ဩစတြေးလျအသင်းနှင့် ဗီယက်နမ်နိုင်ငံ Lach Tray Stadium မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ (NVS 008)

18 Aug

ADVERTISE HERE .