“နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုများကိုရှောင်ရှားမည်ဟု ထိုင်းနှင့်ကမ္ဘောဒီးယားစစ်ဒေသမှူးများ ကတိပြု”
18 Aug
ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ စစ်ဒေသမှူးများသည် နှစ်နိုင်ငံကြားတွင် ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားမည်ဟု ဩဂုတ်လ ၁၆ ရက်တွင် အပြန်အလှန် ကတိပြုခဲ့ကြောင်းသိရသည်။ ထိုင်းနိုင်ငံ ထရက်ပြည်နယ်၌ နှစ်နိုင်ငံမှစစ်ဒေသမှူးများပါဝင်သည့် ဒေသတွင်းနယ်စပ်ရေးရာကော်မတီအစည်းအဝေး ကျင်းပပြီးနောက် ၎င်းတို့က ကတိပြုခြင်း ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံမှစစ်ဘက်တာဝန်ရှိသူ အဆင့်ဆင့်ကြား ဆက်ဆံရေးပိုမိုတိုးမြှင့်နိုင်စေရန် ညှိနှိုင်းရေးအဖွဲ့ တစ်ဖွဲ့ကိုလည်း ထူထောင်သွားရန် စစ်ဒေသမှူးနှစ်ဦးစလုံး က သဘောတူသည်ဟု ကမ္ဘောဒီးယား၏ သတင်းထုတ်ပြန် ချက်၌ ဖော်ပြထားသည်။ လက်ရှိတွင် နယ်မြေပိုင်းခြားသတ်မှတ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲ ဖြစ်သော်လည်း နယ်မြေပိုင်းခြားသတ်မှတ်ပြီးသည့်နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်သွားရန် သဘောတူထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။